Flutter App တွေမှာ API Call လုပ်တာ၊ Data Sync လုပ်တာတွေမှာ Internet Connection ရှိမရှိ စစ်ဖို့လိုတဲ့အချိန်တွေ ရှိတတ်ပါတယ်။
ဥပမာ User ရဲ့ Device က Wi-Fi ကနေ Mobile Data ပြောင်းသွားတာ ဒါမှမဟုတ် Connection ပြတ်သွားတဲ့အချိန်တွေကို သိထားဖို့ လိုနိုင်ပါတယ်။
အဲ့ဒီအတွက် connectivity_plus ဆိုတဲ့ Package လေးကို ဒီတစ်ပတ် Package of the Week အနေနဲ့ ပြောပြပေးချင်ပါတယ်။
🔗 pub.dev: https://pub.dev/packages/connectivity_plus
ဒီ Package လေးနဲ့ဆိုရင် –
• Network Connection အမျိုးအစားကို စစ်နိုင်တယ်
လက်ရှိ Device က Wi-Fi သုံးနေတာလား၊ Mobile Data သုံးနေတာလား၊ Connection မရှိဘူးလားဆိုတာ စစ်နိုင်ပါတယ်။
• Connection ပြောင်းလဲမှုကို Listen လုပ်နိုင်တယ်
User ရဲ့ Network Connection ပြောင်းသွားတဲ့အချိန်တွေကို Listen လုပ်ပြီး App ထဲမှာ လိုအပ်သလို Handle လုပ်နိုင်ပါတယ်။
• အသုံးပြုရ လွယ်ကူတယ်
Package ကို Add လုပ်ပြီး လက်ရှိ Connection ကို ရိုးရိုးလေး စစ်နိုင်ပါတယ်။
final result = await Connectivity().checkConnectivity();
if (result.contains(ConnectivityResult.wifi)) {
print(‘Connected to Wi-Fi’);
}
သတိထားရမယ့်အချက်တစ်ခုကတော့ Wi-Fi ဒါမှမဟုတ် Mobile Data နဲ့ ချိတ်ဆက်ထားတယ်ဆိုတာ Internet ကို တကယ်အသုံးပြုလို့ရနေတယ်ဆိုတာ အတည်ပြုပေးတာတော့ မဟုတ်ပါဘူး။
ဥပမာ Wi-Fi ချိတ်ထားပေမယ့် Internet မရတဲ့အခြေအနေမျိုး ရှိနိုင်တာကြောင့် Internet Connection ကို သေချာစစ်ဖို့ API Request စမ်းတာမျိုးနဲ့ တွဲပြီး Handle လုပ်ဖို့လိုနိုင်ပါတယ်။
Network အခြေအနေကို စစ်ပြီး User Experience ပိုကောင်းအောင် Handle လုပ်ချင်တဲ့ Flutter Developer တွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
