Flutter App တစ်ခုရေးရင်း မြန်မာစာနဲ့ပတ်သက်တဲ့ TextField ရဲ့ Maximum Character Count ကို စစ်ဆေးတဲ့နေရာမှာ သတိထားမိခဲ့တဲ့ Issue လေးတစ်ခုရှိပါတယ်။
App ထဲမှာ User တွေ စာရိုက်နိုင်တဲ့ TextField တစ်ခုရှိပြီး Maximum Input ကို 500 Characters လို့ သတ်မှတ်ထားခဲ့တယ်။ User စာရိုက်နေတဲ့အချိန်မှာလည်း Character Count ကို စစ်ဆေးပြီး Limit နီးလာရင် Warning ပြဖို့ ရေးထားခဲ့တာပါ။
ပုံမှန်အားဖြင့် ဒီလိုမျိုး ရေးလေ့ရှိကြပါတယ်။
if (controller.text.length >= 500) {
// Show warning
}
English စာတွေနဲ့ စမ်းကြည့်တဲ့အခါ အဆင်ပြေပေမယ့် မြန်မာစာနဲ့ စမ်းကြည့်တဲ့အခါမှာတော့ ပြဿနာလေး စတွေ့လာခဲ့ပါတယ်။
User မြင်ရတဲ့ စာလုံးအရေအတွက်က 500 မပြည့်သေးဘဲ 480 လောက်မှာတင် Warning ပြနေတာပါ။
အစပိုင်းမှာတော့ ကိုယ့်ရဲ့ Validation Logic မှားနေတာလားလို့ ထင်ခဲ့ပေမယ့် တကယ်တော့ String.length ရဲ့ အလုပ်လုပ်ပုံနဲ့ သက်ဆိုင်နေပါတယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ?
Dart မှာ String.length က ကျွန်တော်တို့ ပုံမှန်မြင်နေရတဲ့ Character အရေအတွက်ကို ရေတွက်ပေးတာ မဟုတ်ပါဘူး။ UTF-16 Code Units အရ ရေတွက်ပေးတာပါ။
ဥပမာ –
void main() {
const english = ‘Hello’;
const myanmar = ‘မြန်မာ’;
print(english.length);
print(myanmar.length);
}
English စာမှာ Character တစ်ခုချင်းစီက ပုံမှန်အားဖြင့် UTF-16 Code Unit တစ်ခုစီနဲ့ ကိုက်ညီပါတယ်။
ဒါပေမယ့် မြန်မာစာမှာတော့ အက္ခရာတစ်လုံးဖြစ်ဖို့ Base Character နဲ့ Combining Marks တွေ ပေါင်းစပ်ထားတာမျိုး ရှိပါတယ်။
ဥပမာ မြင်ရတဲ့ မြန်မာစာလုံးတစ်လုံးမှာ Unicode Code Point တစ်ခုထက်ပိုပြီး ပါဝင်နိုင်ပါတယ်။ အဲဒီ Code Point တွေကို UTF-16 Code Units အဖြစ် ရေတွက်တဲ့အခါမှာလည်း အရေအတွက်က ထပ်ကွာနိုင်ပါတယ်။
ဒါကြောင့် String.length နဲ့ ရေတွက်တဲ့ အရေအတွက်ဟာ User မြင်ရတဲ့ Character အရေအတွက်နဲ့ မတူနိုင်တာပါ။
ဒါဆို ဘယ်လိုဖြေရှင်းမလဲ?
ဒီလိုအခြေအနေမျိုးမှာ Dart ရဲ့ characters package ကို အသုံးပြုနိုင်ပါတယ်။
import ‘package:characters/characters.dart’;
void main() {
const text = ‘ကောင်းမြတ်သူ’;
print(‘String length: ${text.length}’);
print(‘Character count: ${text.characters.length}’);
}
ဒီနေရာမှာ .characters.length က Unicode Extended Grapheme Clusters အလိုက် ရေတွက်ပေးတာပါ။
ရိုးရိုးပြောရရင် User တစ်ယောက်က စာလုံးတစ်လုံးအဖြစ် မြင်ရတဲ့ အစိတ်အပိုင်းတွေကို အခြေခံပြီး Count လုပ်ပေးတာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Validation Logic ကိုလည်း ဒီလိုမျိုး ပြောင်းရေးနိုင်ပါတယ်။
final characterCount = controller.text.characters.length;
if (characterCount >= 500) {
// Show warning
}
Flutter ရဲ့ TextField မှာ maxLength ကို အသုံးပြုထားရင်လည်း Flutter က characters အပေါ် အခြေခံပြီး Character Count လုပ်ပေးပါတယ်။
TextField(
maxLength: 500,
)
တကယ်တော့ ဒီ Issue က မြန်မာစာတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ Emoji တွေ၊ Combining Characters တွေ ပါဝင်တဲ့ တခြား Language တွေမှာလည်း အလားတူ Count ကွာခြားမှုတွေ ရှိနိုင်ပါတယ်။
Development လုပ်တဲ့အခါ String.length ဆိုတာ User မြင်ရတဲ့ Character အရေအတွက်ကိုပဲ ရေတွက်ပေးတာလို့ ယူဆထားမိရင် ဒီလိုမျိုး Issue တွေ ကြုံလာနိုင်ပါတယ်။
